ဆရာမနဲ့တပည့် ဘယ်သူပိုတော်လဲ
ဆရာမနဲ့တပည့် ဘယ်သူပိုတော်လဲ
Wednesday, July 24, 2013
ဆရာမ ။.....။ ခြံစည်းရိုးပေါ်မှာ ငှက် ၅ ကောင်နားနေတယ် ။ တကယ်လို့ တစ်ယောက်က
သေနတ်နဲ့ တစ်ချက်ပစ်လိုက်ရင် ငှက်ဘယ်နှကောင်ကျန်မလဲ ။ ကဲ....ဖြေစမ်း ။
တပည့် ။....။ ၄ ကောင်ပါ ။
ဆရာမ ။....။ မင်းအဖြေက မှားတယ် ။ ဘယ်နှကောင်မှ
မကျန်ပါဘူး ။ သေနတ်ဖောက်လိုက်တာနဲ့ အားလုံး ထပျံကုန်မှာပါ ။ မင်းအဖြေကမှားပေမယ့်
မင်းရဲ့အတွေးအခေါ်ကို ကြိုက်တယ် ။
တပည့် ။....။ ဒါဆို ဆရာမကို ကျွန်တော်
မေးခွန်းတစ်ခုမေးမယ်နော် ။
ဆရာမ ။....။ အင်း...မေး ။
တပည့် ။....။ အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ
ရေခဲမုန့်ထိုင်စားနေကြတယ် ။ ပထမတစ်ယောက်က ရေခဲမုန့်ကို ဘေးကနေလျှာနဲ့ လျက်နေတယ် ။
ဒုတိယတစ်ယောက်က ရေခဲမုန့်ကို အပေါ်ကနေ အားရပါးရ စုပ်နေတယ် ။ တတိယတစ်ယောက်က
ရေခဲမုန့်ကို ကိုက်စားနေတယ် ။ ဘယ်တစ်ယောက်ကို အိမ်ထောင်သည်လို့ထင်လဲ ဆရာမ ။
ဆရာမက ရှက်ရှက်နှင့်-
ဆရာမ ။.....။ ရေခဲမုန့်ကို ........ သူက
အိမ်ထောင်သည်ပေါ့ကွယ် ။
တပည့် ။.....။ မှားတယ် ဆရာမ ။ သူတို့ထဲက
လက်ထပ်လက်စွပ်ရှိတဲ့သူက အိမ်ထောင်သည်ပါ ။ ဒါပေမယ့် ကျွန်တော် ဆရာမအတွေးအခေါ်ကို
သဘောကျတယ် ။ ။
တလွဲ - ဟာသ
No comments:
Post a Comment